
Easybook သည် ATW Express ဖြင့် စတင်လက်တွဲဆောင်ရွက်နေပြီဖြစ်သည်။
March 28th, 2018
သတင်းကောင်း……
Easybook သည် မြန်မာနိုင်ငံ၊ထားဝယ်မှာအခြေစိုက်သည့် ATW Express နှင့် ကိုစတင်ပူးပေါင်းနေပြီ ဖြစ်သည့်အတွက် မိတ်ဆွေအနေဖြင့် ဒီအခွင့်အရေးကိုလက်လွတ်မခံပဲ တစ်နိုင်ငံလုံးအနှံ့လှည့်လည်သွားဖို့ ဒီနေ့ပဲပြင်ဆင်လိုက်ပါ။ မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထားဝယ်နဲ့မြိတ်ကို သွားလည်ဖို့ပြင်ဆင်ထားတဲ့ ခရီးသွားတွေအနေနဲ့ သက်တောင့်သက်သာရှိတဲ့ထိုင်ခုံနေရာ၊ ဝန်ထမ်းတွေရဲ့နွေးထွေးပျူငှာမှုများကို ဝန်ဆောင်မှုပေးနိုင်သည့် ATW Expressမှာ ခရီးစဉ်များအတွက် ကြိုတင်လက်မှတ်ရယူထားနိုင်ပါသည်။ Companyအနေနဲ့ ခရီးသည်များအတွက် ခရီးစဉ်များကို အနှောင့်အယှက်နည်းနိုင်သမျှနည်းအောင်ရည်ရွယ်ပြီး လုံခြုံစိတ်ချမှုအပြည့်ဖြင့် သက်တောင့်သက်သာရှိစေရန် တာဝန်ယူပါသည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် သွားရောက်လည်ပတ်ဖို့ကောင်းသည့် စိတ်ဝင်စားစရာနေရာများစွာရှိပါသည်။ မြိတ်သည်ပင်လယ်နှင့်နီးသော နေရာမှာရှိသည့်အတွက် လမုပင်များ၏အလှအပနှင့် ငါးဖမ်းသမားများ၏ဘဝများကို အနီးကပ်လေ့လာ နိုင်ပါသည်။ အကယ်၍ ပင်လယ်ကမ်းခြေကိုသဘောကျပါလျှင်လည်း ထင်ရှားသည့်နေရာတခုအဖြစ် ကျော်ကြားသည့် ခရီးသွားများအားဆွဲဆောင်နိုင်သည့် မောင်းမကန်ကဲ့သို့ သာယာလှပသောနေရာများလည်း ထားဝယ်၌များစွာရှိပါသည်။ ဒါ့အပြင် ထားဝယ်သည် ရင်သပ်ရှုမောဖွယ်ဘုရားပုထိုးများ၊ ကိုလိုနီခေတ်ပုံစံနှင့် ရိုးရာပုံစံပေါင်းစပ်ထားသည့် ဗိသုကာလက်ရာများ ကြောင့်လည်း ထင်ရှားပါသေးသည်။ အောက်တွင်ဖော်ပြထားသည်မှာ ATW Express မှ ဝန်ဆောင်မှုပေးနိုင်သည့် မြန်မာပြည်တွင်းခရီးစဉ်များဖြစ်သည်။ ရန်ကုန် မှ မြိတ် ရန်ကုန် မှ ထားဝယ် လက်မှတ်များကို Easybookဖြင့် ယခုပင်ဘွတ်ကင်ယူပြီး ATW Expressဖြင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသသို့သွားမည့်ထူးခြား ဆန်းပြားသည့် ခရီးစဉ်ကို ရယူလိုက်ကြရအောင် ။