Loading...
Complete Your Journey

Latest News

Easybook ရဲ့ Cambodia Royal Railway စတင်ပြေးဆွဲခြင်း

Easybook ရဲ့ Cambodia Royal Railway စတင်ပြေးဆွဲခြင်း

May 25th, 2018

Easybook Users အားလုံးအတွက်သတင်းကောင်း။ Cambodia Royal Railway လက်မှတ်များကို ကျွန်တော်တို့ Easybook Website မှာစတင်ဝယ်ယူနိုင်ပါပြီ။ သင့်ရဲ့နောက်ထပ်ခရီးစဉ်ကိုတော့ Cambodia ရဲ့ လှပတဲ့နေရာများကို သွားရောက်လည်ပတ် စူးစမ်းလေ့လာဖို့ အခုပဲ ဒီအခွင့်အရေးကို အရယူလိုက်ပါ။

Cambodia Royal Railway ကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Phnom Penh နဲ့ Sihanoukville ကြားပြေးဆွဲနေသော လမ်းကြောင်းတွေကို Cambodia အစိုးရမှ ပြန်လည်ပြုပြင်ပေးထားတဲ့လမ်းကြောင်းဖြစ်ပါတယ်။ ဒီရထားလမ်းကြောင်းသစ်ရဲ့ဝန်ဆောင်မှုနှင့်အတူ Cambodia နိုင်ငံရဲ့ နေရာအသီးသီးကို လေ့လာလည်ပတ်နိုင်ဖို့ အားလုံးအတွက်အခွင့်အရေးကောင်း တစ်ခုပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တိုင်းကို သာယာပျော်ရွှင်ဖွယ်ကောင်းသောခရီးစဉ်များဖြစ်စေရန်နှင့် ခရီးသည်များအားလုံး အဆင်ပြေစေရန်အတွက် ရထားတွဲများအားလုံးကို Air-Con များနှင့် သက်တောင့်သက်သာဖြစ်သော ထိုင်ခုံများကို တပ်ဆင်ပေးထားပါတယ်။

Cambodia နိုင်ငံရဲ့ အကျော်ကြားဆုံးလမ်းကြောင်းတွေကတော့

- လေဆိပ် သို့ ရထားလမ်းကြောင်း

- Phnom Penh သို့ ရထားလမ်းကြောင်း

- Sihanoukville သို့ ရထားလမ်းကြောင်း

- Kampot သို့ ရထားလမ်းကြောင်း

- Takeo သို့ ရထားလမ်းကြောင်း တို့့ပဲဖြစ်ပါတယ်။

Cambodia Royal Railway နဲ့ လူကြီးမင်းရဲ့ခရီးစဉ်ကို စတင်ပြင်ဆင်လိုက်ပါ။ Cambodia ရဲ့ လှပတဲ့မြို့တော်များကို သွားရောက်လည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Easybook Website မှာ Cambodia Royal Railway ရထားလက်မှတ်များကို အခုပဲ ကြိုတင်ဝယ်ယူလိုက်တော့နော်။

* Only 0.01% trips slightly higher than counter price. ** Only applicable for transactions without the use of discount code and trips offered by certain companies. *** For certain trips only, discount already reflected in the ticket price itself (i.e. lower price than bus counters). * Bus pictures are for reference only. * Trip durations are estimated time only.